ဒါလည်းကျန်းမာရေးပဲ
16-Nov-2017အသက် ၅၀ ခန့် လူကြီးနှစ်ဦး နံနက်ခင်းလမ်းလျှောက်ရင်း ဆုံကြရာဝယ် -
“ ကျွန်တော်တော့ လမ်းလျှောက်ခြင်းအကျိုးကျေးဇူးကို လက်တွေ့ခံစားရပြီ ဗျို့ ”
“ ဟုတ်မယ်၊ အရင်က ခင်ဗျားလျှောက်တာ မတွေ့မိဘူး။ ဘာလဲလမ်းလျှောက်တဲ့အတွက် ကျန်းမာရေးပိုကောင်းလာတယ်။ ဆေးဖိုးဝါးခလည်း သက်သာတယ်ဆိုပါတော့ ”
“ ဟုတ်ဘူး။ ကျွန်တော့်လို လမ်းလျှောက်တဲ့ အပျိုကြီးတစ်ယောက်နဲ့ စွံသွားလို့ ”
“ဟိုက်”
Credit : မှူးအိမ်ဇင်